Lite Version Application တွေကို Facebook နဲ့ Messenger အသုံးပြုနေကြသူတွေဆိုရင် သိကြမှာပါ။ Facebook Lite နဲ့ Messenger Lite Application တွေက စမတ်ဖုန်းအနိမ့်တွေအတွက် အထူးသင့်လျော်ပြီး Storage ကိုလည်း နေရာသိပ်မယူအောင်ထုတ်လုပ်ထားတဲ့ Application တွေဖြစ်တဲ့အတွက် တကယ်လို့ ကိုယ့်ဖုန်းက Budget ဖုန်းအမျိုးအစားဆိုရင် သုံးသင့်တဲ့ Application တွေလို့ ပြောလို့ရပါတယ်။
ယခုအချိန်မှာ အခုလိုမျိုး Lite Version Application ဟာ Facebook နဲ့ Messenger မှာတင်မဟုတ်ပဲ Twitter Application အတွက်လည်း ရရှိနေပြီဖြစ်ပါတယ်။
အဆိုပါသတင်းကို Twitter ရဲ့ CEO ဖြစ်တဲ့ Jesar Shah က ကြေငြာခဲ့တာဖြစ်ပြီး လောလောဆယ်မှာ နိုင်ငံ ၂၄ နိုင်ငံမှာပဲ အရင်သုံးစွဲနိုင်ဦးမယ်လို့ သိရပါတယ်။ အဆိုပါနိုင်ငံတွေကတော့ Algeria, Bangladesh, Bolivia, Brazil, Chile, Colombia, Costa Rica, Ecuador, Egypt, Israel, Kazakhstan, Mexico, Malaysia, Nigeria, Nepal, Panama, Peru, Serbia, El Salvador, South Africa, Thailand, Tunisia, Tanzania နဲ့ Venezuela နိုင်ငံတွေပဲဖြစ်ပါတယ်။
Ref-MyTech Myanmar
No comments:
Post a Comment
အဆင်မပြေပါက Commentမှာ မှာကြားနိုင်ပါတယ်။