မြန်မာနိုင်ငံတွင် မိုဘိုင်း 3G အင်တာနက်မြန်နှုန်း ပျမ်းမျှ 4Mbps သာရှိဟု ထုတ်ပြန်


မိုဘိုင်း 3G ကွန်ရက်တစ်ခုရဲ့ အင်တာနက်အမြန်နှုန်းဟာ အမြင့်ဆုံး 42Mbps အထိ ရရှိနိုင်ပေမယ့် ပြည်တွင်း ဆက်သွယ်ရေးအော်ပရေတာတွေရဲ့ မိုဘိုင်း 3G ကွန်ရက် အင်တာနက် အမြန်နှုန်းဟာ ပျမ်းမျှ 4.79 Mbps အထိပဲ ရရှိနေတယ်လို့ လန်ဒန်အခြေစိုက် ကြိုးမဲ့အင်တာနက်ကွန်ရက် တိုင်းတာစစ်ဆေးတဲ့ Open Signal ကုမ္ပဏီက သတင်းထုတ်ပြန်ထားပါတယ်။


ယခုတိုင်းတာချက်ဟာ ၂၀၁၆ မေလကနေ ၂၀၁၇ စက်တင်ဘာအတွင်း တိုင်းတာခဲ့တဲ့ ပျမ်းမျှအင်တာနက်အမြန်နှုန်းဖြစ်ပြီး Open Signal ရဲ့ ထုတ်ပြန်ချက်ထဲမှာပဲ မြန်မာနိုင်ငံလိုပဲ တစ်ခြားအာရှဒေသတွင်း ဖွံ့ ဖြိုးဆဲနိုင်ငံတွေရဲ့ 3G အင်တာနက်မြန်နှုန်းဟာ ပျမ်းမျှအားဖြင့် 3.5Mbps ပဲရှိတယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိအချိန်အထိ ပြည်တွင်း မိုဘိုင်း ဖုန်းအသုံးပြုများရဲ့ ၆၅% ဟာ 3G အင်တာနက်ကွန်ရက်ကိုပဲ အဓိကထား အသုံးပြုနေသေးတယ်လို့ Telenor နည်းပညာအမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr.Jai Prakash က ဆိုပါတယ်။ Telenor အနေနဲ့ 4G ကွန်ရက်ကို ဖြန့် ကျက်ထားပြီး ဖြစ်ပေမယ့် သုံးစွဲသူများရဲ့ ၈၀% ဟာ အခုထိ 3G ကွန်ရက်ကိုပဲ ဆက်သုံးနေတယ်လို့ လည်း Telenor က သတင်းထုတ်ပြန်ထားပါတယ်။

ပည်တွင်းမှာ 4G အင်တာနက်ကွန်ရက်ကို မိတ်ဆက်ထားတဲ့ MPT ကတော့ အင်တာနက်ဒေါင်းလုပ်မြန်နှုန်းကို 150Mbps အထိ ရရှိနိုင်မယ်လို့ ကြေငြာထားပြီး Telenor ကတော့ 40Mbps အထိ အမြန်နှုန်းရမယ်လို့ လည်း ဆိုပါတယ်။ Ooredoo ကတော့ လာမယ့် ၂၀၁၈ ခုနှစ်အတွင်း 4G Pro စတင်မိတ်ဆက်မှာ ဖြစ်ပြီး သာမန်ထက် ၃ ဆမြန်တဲ့ 500 Mbps အင်တာနက်အမြန်နှုန်း ပေးသွားမယ်လို့ လည်း ကြေငြာထားပါတယ်။

လက်ရှိအချိန်အထိ ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာတွေရဲ့ အင်တာနက်အမြန်နှုန်းဟာ စံချိန်စံညွန်းပြည့်မီခြင်း မရှိသေးဘူးလို့ လည်း ဒေသတွင်းနည်းပညာဆိုင်ရာ အရပ်ဘက်အဖွဲ့ အစည်း MIDO က စက်တင်ဘာလထဲမှာ ကြေငြာထားပါတယ်။ 3G အင်တာနက်ကွန်ရက်ဒေါင်းလုပ်အမြန်နှုန်းဟာ အမြင့်ဆုံး 40Mbps ရနိုင်ပြီး 4G ကွန်ရက်မှာတော့ အင်တာနက် ဒေါင်းလုပ် speed ဟာ အမြင့်ဆုံး 150 Mbps အထိ ရှိတယ်လို့ လည်း သိရပါတယ်။
Source: 7day Daily News

အိုင်တီလမ်းညွန်

No comments:

Post a Comment

အဆင်မပြေပါက Commentမှာ မှာကြားနိုင်ပါတယ်။