အမိုက်စားဖုန်းတို့ ဆုံစည်းရာ ၂၀၁၇ ခုနှစ်

မကြာသေးခင်ကပဲ OnePlus 5T ဖုန်းတွေကို မိတ်ဆက်လိုက်ပြီးနောက်မှာတော့ ဖုန်းရဲ့ hardware ပိုင်းရော software ပိုင်းကိုပါ တော်တော်လေးစိတ်တိုင်းကျခဲ့ပါတယ်။ ပေးရတဲ့ $499 နဲ့တော်တော်ကြီးတန်တဲ့ဖုန်းတစ်လုံးလို့တော့ ဆိုရမှာပါ။ OnePlus ကုမ္ပဏီက အရမ်းတော့မကြီးပေမယ့်လည်း သူ့ရဲ့ဈေးကွက်ကို သူကိုယ်တိုင်နားလည်ပါတယ်။ $500 လောက်နဲ့ ကမ္ဘာမှာနာမည်ကြီးနေတဲ့ iPhone တို့ Galaxy တို့နဲ့ယှဉ်နိုင်တာက သူ့ရဲ့အားသာချက်ပါ။

ဒါပေမယ့် စမတ်ဖုန်းတွေက ဈေးပေးရလို့ကောင်းတာလားဆိုရင်တော့ မဟုတ်ပါဘူးလို့ပဲဖြေ၇ပါလိမ့်မယ်။ $50 တန် BLU Advance A5 ကစလို့ $950 တန် Galaxy Note 8 အထိ ကိုယ်ကြိုက်နှစ်သက်ရာကို ပျော်ပျော်ကြီးသုံးနေကြတဲ့သူတွေအများကြီးပါ။ ဖုန်းတွေမှာသုံးလာတဲ့ အစိတ်အပိုင်းတွေရဲ့ ကုန်ကျစရိတ်များများလာနဲ့အမျှ ဟန်းဆက်တွေရဲ့တန်ဖိုးက $1000 လောက်ထိကို ရောက်သွားပါတယ်။ ဒါပေမယ့် ကိုယ်မှန်းထားတဲ့ဈေးနှုန်းနဲ့ ကိုယ်သုံးမယ့်ဖုန်းကို ကိုက်အောင်ရွေးချယ်ကြတာချည်းပါပဲ။
$200, $500, $1000 ဒီလိုပါပဲ စမတ်ဖုန်းတွေရဲ့ ဈေးတွေကိုလိုက်ပြီး တကယ့်စွမ်းဆောင်ရည်တွေတော့ ကွာသွားပါမယ်။ ဒါပေမယ့် အဓိကက ကိုယ်က ဖုန်းကိုဘာအတွက်သုံးချင်တာလဲဆိုတာပါ။ ဂိမ်းလား ၊ ကင်မရာအသားပေးလား၊ network ကောင်းကောင်းချိတ်တာလား၊ အသံ resolution ကောင်းကောင်းလိုချင်တာလား ကိုယ်လိုချင်တာနဲ့ကိုက်ပြီး ဝယ်ရမှာပါ။
လာမယ့်နှစ်တွေအတွက်ကတော့ Android တွေရဲ့လမ်းက စိတ်ဝင်စားစရာကောင်းနေပါပြီ။ screen ကြီးကြီး ဘေးဘောင်မဲ့၊ chip ကောင်းကောင်း၊ cellular modem အမြန်နှုန်းမြင့်မြင့်၊ ကင်မရာကောင်းကောင်း ဘက်ထရီကြီးကြီး စသဖြင့် ခုချိန်ထိကတော့ ဒီဒီဇိုင်း ဒီလမ်းကြောင်းအတိုင်း သွားနေကြဆဲပါ။ ကောင်းတာတစ်ခုက အခုဆို Honor 7X , OnePlus 5T တို့လိုမျိုး mid-range ဖုန်းတွေမှာပါ ကင်မရာတွေနဲ့တခြားလုပ်ဆောင်နိုင်စွမ်းတွေ အရမ်းကောင်းလာတာ အားရစရာပါ။ ချမ်းသာတဲ့သူတွေအတွက်ကတော့ စွမ်းဆောင်ရည်မြင့်တဲ့ ပစ္စည်းတွေ ဒုနဲ့ဒေးပါပဲ။

အခုဆို Snapdragon 200-400 စီးရီးတွေက 600 စီးရီးတွေလောက် စွမ်းဆောင်နိုင်လာပြီးတော့ 600 တွေကလည်း 800 စီးရီးတွေနဲ့ ခွဲမရအောင် performance တွေကောင်းလာတာကြောင့် အားလုံးသိပ်မကွာတော့သလိုပါပဲ။ အခုနောက်ပိုင်းဆို Motorola, Honor, HTC နဲ့ တခြားသောကုမ္ပဏီတွေက သူတို့ရဲ့ flagship ဖုန်းတွေမှာ အရည်အသွေးနိမ့်တဲ့ ပလတ်စတစ်ကိုယ်ထည်တွေအစား ဖန်ထည်တွေ မှန်တွေ သတ္ထုတွေနဲ့ပဲထုတ်လုပ်လာတာများပါတယ်။ မျက်လုံးထဲမှာတော့ $399 တန် Moto X4 က $649 တန် HTC U11 နဲ့အမြင်ပိုင်းမှာ သိပ်တောင်မကွာသလိုပါပဲ ၂လုံးလုံးလှနေပါတယ်။
ဒါပေမယ့် အခုဖုန်းတွေအားလုံးက ဒီပုံစံတွေချည်းပဲဖြစ်နေတာမို့ နည်းနည်းတော့ရိုးအီနေပါပြီ။ နောက်ထပ်ဘယ်လိုအသစ်အဆန်းလေးတွေက စိတ်လှုပ်ရှားစရာကောင်းလာမလဲ။ အခုချိန်မှာ ဖုန်းတစ်လုံးဝယ်ဖို့စဉ်းစားရင်တော့ $50-$950 ကြား မကောင်းတဲ့ဖုန်းလို့ ပြောလို့ရတာသိပ်မရှိလို့ ဒီ ၂၀၁၇ ခုနှစ်ဟာတော့ ဖုန်းတွေရဲ့ စွမ်းဆောင်ရည်တွေမြင့်တက်လာခဲ့တဲ့အချိန်လို့ ဆိုရပါလိမ့်မယ်။

Ref-https://digitaltimes.com.mm/

အောင်ကိုလတ်-နည်းပညာ

No comments:

Post a Comment

အဆင်မပြေပါက Commentမှာ မှာကြားနိုင်ပါတယ်။