ကမ္ဘာအံဖွယ်စာရင်းထဲမှာပါဝင်တဲ့ မဟာတံတိုင်းကြီးမဟာတံတိုင်းကြီးဟာရာစုနှစ်ပေါင်းများစွာတည်
တံ့ခဲ့ပါတယ်။လူသားမျိုးနွယ်တွေရဲ့အရှည်ကြာဆုံးတည်ဆောက်မှုလည်းဖြစ်ပါတယ်။မိုင်ပေါင်း -၅၅၀၀
ခန့်ရှည်လျားပြီး တည်ဆောက်ဖို့နှစ်ပေါင်း ၁၇၀၀ ခန့်ကြခဲ့ပါတယ်..။မဟာတံတိုင်းဟာ အန္တာရယ်
အမျိုးမျိုးကိုကာကွယ်
ဖို့ တည်ဆောက်ခဲ့တာဖြစ်ပြီ..။
တချို့အရာတွေကတော့ ဒဏ္ဍာရီတွေဖြစ်ပါတယ်။
အခု ဒီဇာတ်ကားကတော့...မဟာတံတိုင်းနဲ့ ပါတ်သတ်တဲ့
ဒဏ္ဍာရီတွေထဲက ဇာတ်လမ်းတပုဒ်ဖြစ်ပါတယ်။
ဇာတ်လမ်းကတော့....
စုန့်မင်းဆက်ကာလ မြင်ကွင်းနဲ့အတူ မဟာတံတိုင်း မြောက်ဘက် မိုင်အနည်းငယ် အကွာမှာ ဥရောပ ကြေးစား စစ်သည်တွေဖြစ်တဲ့ ဝီလျံ၊ တိုဗာနဲ့ အဖွဲ့ဟာ ဓာတုဖောက်ခွဲရေး ပစ္စည်းတစ်မျိုး ဖြစ်တဲ့ ယမ်းမှုန့်ကို လိုက်ရှာနေကြ တာဖြစ်ပြီး သူတို့နောက်ကို ဓားပြအဖွဲ့တွေ လိုက်နေတဲ့ အတွက် ထွက်ပြေးခဲ့ရပါတယ်။ နောက်တော့ ဂူတစ်ခုထဲမှာ စခန်းချနေတုန်း သတ္တဝါကြီးတစ် ကောင်ရဲ့ တိုက်ခိုက်ခြင်းခံရပြီး ဝီလျံနဲ့ တိုဗာနှစ်ယောက်ပဲ အ သက်ရှင်ကျန်ခဲ့ပါတယ်။ နောက် တစ်နေ့မှာ မဟာတံတိုင်းနား ရောက်နေတဲ့ သူတို့နှစ်ယောက် ဟာ တရုတ်စစ်တပ်ရဲ့ ဖမ်းဆီး ခြင်းခံရပြီး စစ်သူကြီးရှောင်၊ တပ် မှူးလင်းနဲ့ ဗျူဟာမှူး ဝမ်တို့ဆီ ရောက်သွား ခဲ့ပါတယ်။ တရုတ် စစ်သူကြီးတွေဟာ နှစ်ပေါင်း ၆၀ မှ တစ်ခါကြုံရတဲ့ သတ္တဝါတွေရဲ့ အန္တရာယ်ကို ရင်ဆိုင်ဖို့ ပြင်ဆင် နေကြတာ ဖြစ်ပါတယ်။
တစ်ရက်မှာတော့ သတ္တဝါ တွေဟာ မဟာတံတိုင်းကို လာ ရောက်တိုက်ခိုက်တဲ့အတွက် အ ပြန်အလှန် တိုက်ခိုက်ကြရင်း စစ် သားတွေလည်း အထိနာခဲ့ကာ စစ် သူကြီးလင်း ဦးဆောင်တဲ့ အမျိုးသမီး တပ်ကလည်း တံတိုင်း အောက်ကိုဆင်းပြီး တိုက်ခိုက်ကြ ပေမယ့် သတ္တဝါတွေကို မနိုင်ခဲ့ပါ ဘူး။ ဝီလျံနဲ့ တိုဗာလည်း တရုတ် စစ်တပ်ဘက်ကနေ ဝိုင်းတိုက်ပေး ကြတဲ့အတွက် တရုတ်စစ်သား တွေရဲ့ အသိအမှတ်ပြု လေးစား ခြင်းခံခဲ့ရပါတယ်။ အဲဒီမှာ ဆာဘဲ လက်ဆိုတဲ့ ဥရောပသားတစ်ဦးနဲ့ ဝီလျံတို့ဆုံခဲ့ပြီး ဆာဘဲလက်က လည်း အကျဉ်းသားတစ်ယောက် ဖြစ်ပေမယ့် အင်္ဂလိပ်နဲ့ လက်တင် ဘာသာဆရာအဖြစ် ထားတာဖြစ် ပါတယ်။ အဲဒါနဲ့ နိုင်ငံခြားသားသုံး ယောက်ဟာ တရုတ်တွေဆီမှာ ယမ်းမှုန့်ရှာဖွေဖို့အတွက် တိုင်ပင် ပြီး အစီအစဉ်တွေ ဆွဲခဲ့ပါတော့ တယ်။တစ်ညမှာ သတ္တဝါနှစ်ကောင် မဟာတံတိုင်းပေါ်တက်ပြီး တိုက်ခိုက်တဲ့အတွက် အစောင့်တပ်သားတစ်ယောက် သေဆုံးခဲ့ကာ စစ်သူကြီးရှောင်နဲ့ လင်းတို့ ဦးဆောင်တိုက်ခိုက်ရင်း ရှောင်သေဆုံးခဲ့ပါတယ်။ သတ္တဝါတွေရဲ့ အန္တရာယ်က ပိုဆိုးလာတဲ့အ တွက် ဝီလျံက သူ့ကိုပါဝင်တိုက်ခိုက်ခွင့်ပေးဖို့ တရုတ် စစ်သူကြီးတွေကို ခွင့်တောင်းခဲ့ပြီးနောက်မှာတော့ ဝီလျံရဲ့ အရည်အချင်း တချို့ကို သဘောကျသွားတဲ့နောက် ခွင့်ပြုပေးခဲ့ပါတယ်။
ဒါပေမယ့်....>>>
ပုံမှန်အတိုင် pCloud ကနေပဲတင်ပေးလိုက်ပါတယ်။
Download 720p 898 MB
အောက်ကလင့်မှာ ကြည့်ရှုဒေါင်းယူနိုင်ပါတယ်>>>
No comments:
Post a Comment
အဆင်မပြေပါက Commentမှာ မှာကြားနိုင်ပါတယ်။