မြန်မာဆက်သွယ်ရေးလုပ်ငန်း MPT က ၎င်း၏သုံးစွဲသူများအနေဖြင့် ဇူလိုင်လ (၈) ရက်မှစတင်၍ LTE+ ကွန်ရက်နှင့် ချိတ်ဆက်ပြီး အင်တာနက်အသုံးပြုလိုက်ရုံဖြင့် ဒေတာလက်ဆောင် 1GB အလိုအလျောက် ရရှိမည်ဖြစ်ကြောင်း MPT ကသိရပါတယ်။
MPT သုံးစွဲသူများအနေဖြင့် မိမိဖုန်းဖြင့် LTE+ ရသောနေရာတွင် အင်တာနက်ဖွင့်လိုက်ပြီး LTE+ ကွန်ရက်ကို ချိတ်ဆက်လိုက်သည် နှင့်တစ်ပြိုင်နက်ဒေတာလက်ဆောင် ရရှိမှာဖြစ်ကြောင်း ၊ ဖုန်းအတွင်းသို့လည်းမက်ဆေ့ခ်ျ တစ်စောင်အလိုအလျောက် ရောက်ရှိလာမည်ဖြစ်ကြောင်း သိရပါတယ်။ သို့သော်ယခင် ဇွန်လ (၆) ရက်မှ (၁၉) ရက်အတွင်း 1GB ဒေတာလက်ဆောင်ရရှိထားသူများသည် ယခုအကြိမ်တွင် ဒေတာလက်ဆောင် ထပ်မံရရှိ နိုင်မည်မဟုတ်ကြောင်း MPT ကသိရပါတယ်။ 1GB ဒေတာလက်ဆောင်ကို စတင်ရရှိသည့်နေ့မှ တစ်ပတ် (၇ ရက်) အတွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သုံးစွဲသူများသည် ဒေတာလက်ဆောင်ကို အခမဲ့ရယူနိုင်ရန်အတွက် မိမိဖုန်းတွင် လက်ကျန်ငွေ ရှိနေရမှာဖြစ်ပါတယ်။
MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ကျွန်တော်တို့အနေနဲ့ LTE+ ကွန်ရက်ကို မြို့ကြီး (၁၆) မြို့မှာ အသုံးပြုနိုင်အောင်ချဲ့ထွင်ခဲ့ပြီး ထပ်မံပြီးတော့ လည်း ကွန်ရက်ချဲ့ထွင်မှုတွေကို တစ်နိုင်ငံလုံးမှာဖြန့်ကျက်နိုင်အောင် ဆောင်ရွက်သွားမှာပါ။ သုံးစွဲသူတွေ အတွက် LTE+ ကို စတင်အသုံးပြုတဲ့ အထိမ်းအမှတ်အဖြစ် ကွန်ရက်ကိုချိတ်ဆက်လိုက်တာနဲ့ 1GB ဒေတာ လက်ဆောင်ကို ရရှိမှာဖြစ်ပါတယ်။ LTE+ ကွန်ရက်ဟာ အရှိန်အဟုန်နဲ့ ကြီးမားကျယ်ပြန့်လာတာ နဲ့အတူ အခုပေးအပ်လိုက်တဲ့ ဒေတာလက်ဆောင် အစီအစဉ်ကို ကျွန်တော်တို့တန်ဖိုးထားရတဲ့ သုံးစွဲသူတွေ ကျေနပ်နှစ်သက်လိမ့်မယ်လို့ ကျွန်တော်တို့အပြည့်အဝယုံကြည်ပါတယ်”ဟု ပြောကြားခဲ့ပါတယ်။
MPT ၏ LTE+ ကွန်ရက်ဝန်ဆောင်မှုကို တိုင်းဒေသကြီး (၁၀) ခုရှိမြို့ (၁၆) မြို့နယ်တို့တွင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း မကြာမီအချိန်အတွင်းတွင်လည်း နိုင်ငံတစ်ဝှမ်းရှိ အခြားသောနေရာများတွင်ပါ LTE+ ကွန်ရက်ကို ထပ်မံတိုးချဲ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ သုံးစွဲသူများအနေဖြင့် ကွန်ရက်ကိုပထမဆုံးအချိန် စတင်ချိတ်ဆက် အသုံးပြုသည် နှင့် 1GB ဒေတာလက်ဆောင်ကိုလည်း ရရှိနိုင်မှာဖြစ်ကြောင်း MPT ၏ ထုတ်ပြန်ချက်များအရသိရပါတယ်။
No comments:
Post a Comment
အဆင်မပြေပါက Commentမှာ မှာကြားနိုင်ပါတယ်။