Google ဟာ ယခင် Nexus ဖုန်းထုတ်လုပ်တုန်းက ပူးပေါင်းခဲ့ဖူးတဲ့ Huawei နဲ့ ပူးပေါင်းပြီး မျက်နှာပြင်အကျယ် ၇လက်မ အရွယ်အစားရှိတဲ့ Android တက်ဘလက်တစ်လုံးကို မကြာမီအချိန်အတွင်းမှာ ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒါဟာ ဒီနှစ်ကုန်ပိုင်းမတိုင်မီ ထွက်ရှိလာနိုင်ခြေရှိပြီး 4GB RAM နဲ့ လာမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီသတင်းထွက်ရှိလာခဲ့ပေမယ့် Nexus ဖုန်းသစ်နဲ့ ပတ်သက်ပြီးတော့ သတင်းတစ်စုံတစ်ရာ ထွက်ရှိလာခြင်းမရှိပေမယ့် ကောလာဟလသတင်းတွေအရ Nexus ဖုန်းဟာ ထွက်လာဖို့အတွက် နီးစပ်နေပြီဖြစ်ပြီး အချက်အလက်တွေအရ Nexus ဆိုတဲ့ နာမည်ကို ထပ်မံသုံးစွဲတော့မှာ မဟုတ်ဘူးလို့လည်း ဆိုနေကြတာပါ။ နောက်ဆုံးထွက်ထားတဲ့ ကောလာဟာလသတင်းတွေအရတော့ ဖုန်းသစ်ရဲ့ နာမည်ဟာ Pixel နဲ့ Pixel XL ဆိုပြီး ပေးထားမှာဖြစ်ပါတယ်
No comments:
Post a Comment
အဆင်မပြေပါက Commentမှာ မှာကြားနိုင်ပါတယ်။