မန်မာပလာဇာတွင်ဖွင့်လှစ်ထားသော အူရီဒူးမြန်မာအရောင်းဆိုင်သို့ လာရောက်ကာ နံပါတ်အလှလက်ဆောင်များနှင့် အခြားလက်ဆောင်များကို ရယူလိုက်ပါ။
အူရီဒူးမြန်မာအနေဖြင့် လူသိများထင်ရှားသည့်နေရာ၌ ဖွင့်လှစ်ထားသော အရောင်းဆိုင်ခွဲဖွင့်ပွဲအခမ်း အနားကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အချက် အချာကျသည့် အူရီဒူးမြန်မာအရောင်းဆိုင်သစ်သည် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း ရှိ မြန်မာပလာဇာ ဒုတိယထပ်တွင် တည်ရှိပါသည်။ အဆိုပါအရောင်းဆိုင်အသစ်သည် နိုင်ငံတကာအဆင့်မီ အရောင်းဆိုင်အဆင့်အတန်းရှိသည့် ဆိုင်တစ်ဆိုင်ဖြစ်ပြီး လာရောက်လေ့လာသူများမှ Touch Screen ကို အသုံးပြုပြီး အူရီး၏ ၀န်ဆောင်မှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ရှာဖွေလေ့လာနိုင်ခြင်း နှင့် ဂိမ်းကစားခြင်း၊ 4G နှင့် 3G ဟန်းဆက်မျိုးစုံကို လေ့လာစမ်းသပ်ဝယ်ယူနိုင်ခြင်းစသည့် အဆင့်မြင့်နည်းပညာသစ် များကိုလည်း စမ်းသပ်အသုံးပြုခွင့်ရမည်ဖြစ်သည့်အပြင် မိုဘိုင်းဖုန်းနှင့်ပတ်သက်သည့် ဆက်စပ်ပစ္စည်းများကို လည်း ၀ယ်ယူနိုင်မည်ဖြစ်ပါသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားနှင့်အတူ အထူးအရောင်းအစီအစဉ်များနှင့် ဂိမ်းအစီအစဉ်များကို စက်တင် ဘာလကုန်ထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ကနဦးအနေဖြင့် အူရီဒူးအမှတ်တံဆိပ်ဝန်ဆောင်မှု ( သို့မ ဟုတ် ) ပစ္စည်းကို ကျပ်၁၀,၀၀၀ ဖိုးဝယ်ယူပါက ကျပ်၅၀,၀၀၀ တန်ဖိုးရှိ Bronze ဆင်းကတ်နံပါတ်အလှကို အခမဲ့ ရရှိမည်ဖြစ်သလို ကျပ်၂၀,၀၀၀ ဖိုးဝယ်ယူအားပေးလျှင် ကျပ်၁၀၀,၀၀၀တန် Silver ဆင်းကတ်ကိုရရှိမည်ဖြစ်ပြီး ၊ ကျပ်၃၀,၀၀၀ ဖိုးဝယ်ယူသူများအနေဖြင့် ကျပ်၅၀၀,၀၀၀တန် ရွှေအဆင့်ဆင်းကတ် လက်ဆောင်ရရှိ မည် ဖြစ်ပါသည်။ အူရီဒူးမြန်မာအမှတ်တံဆိပ်ပါ ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုကို ကျပ်၅,၀၀၀ဖိုး ဝယ်ယူ အားပေးသူများအနေဖြင့် ကံစမ်းသည့်ဒလက်ကိုလှည့်ကာ အထူးလက်ဆောင်များ ရယူနိုင် မည်ဖြစ်သည်။ ပိုမိုစိတ်ဝင်စားဖွယ်ကောင်းသော အစီအစဉ်များကိုလည်း မကြာမီကြေညာပေးသွား မည် ဖြစ်ပါသည်။
အူရီဒူးမြန်မာအနေဖြင့် လက်ရှိတွင် အူရီဒူးအမှတ်တံဆိပ်အရောင်းဆိုင်နှင့် အမှတ်တံဆိပ်တပ်ခွင့်ရဆိုင်ခွဲများ စုစုပေါင်း ၁၀၀ ကျော်ကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဖွင့်လှစ်ထားပါသည်။ ဆင်းကတ်များ တရားဝင်မှတ်ပုံတင်ကာ ဝယ်ယူနိုင်ရန်၊ ငွေဖြည့်ကတ်များနှင့် ဟန်းဆက်များဝယ်ယူရန်၊ ဆင်းကတ် ပျောက်/ပျက် ပြန်လည်လျှောက်ထားရန်နှင့် ဆင်းကတ်မှတ်ပုံတင်ရန် စသည့်ဝန်ဆောင်မှုများကို ၄င်း၏တန်ဖိုးထားရသည့်သုံးစွဲသူများအတွက် ဝန်ဆောင်မှုပေးသွားမည် ဖြစ်ပါသည်။
အူရီဒူးမြန်မာ၏ Chief Sales and Distribution Officer ဖြစ်သော Mr. Neil Suares မှ “ကျွန်တော်တို့အားလုံးဟာ ယခုဖွင့်လှစ်မည့်အရောင်းဆိုင်ခွဲအသစ်အတွက် အလွန်ပင်ဂုဏ်ယူကြပါတယ်။ မြန်မာနိုင်ငံတွင်ဖွင့်လှစ်ထားသော အခြားအရောင်းဆိုင်ခွဲများထက် အရည်အသွေးပိုမိုမြင့်မားပြီး နိုင်ငံတကာအဆင့်မီ အရောင်းဆိုင်ခွဲတစ်ခုလည်းဖြစ်ပါတယ်။ အားလုံးကိုလည်း လာရောက်ကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ရဲ့ သုံးစွဲသူများကို သာလွန်ကောင်းမွန်သော ဝန်ဆောင်မှုတွေ အမြဲတမ်းပေးလိုပါတယ်။ ဒါ့ကြောင့် အူရီဒူးအရောင်းဆိုင်ခွဲတွေကို မြန်မာနိုင်ငံတစ်ဝှမ်းမှာ ဖွင့်လှစ်နေခြင်း ဖြစ်ပါတယ်။ လူသိများထင်ရှားသည့် မြန်မာပလာဇာတွင်ဖွင့်လှစ်ထားသော အူရီဒူးအရောင်းဆိုင်ဖွင့်ပွဲဟာ မိသားစုတွေ၊ မိတ်ဆွေတွေကို ပျော်ရွှင်မှုတွေရစေမယ်လို့ ယုံကြည်ပါတယ်။ “ ဟု ပြောကြားပါသည်။
No comments:
Post a Comment
အဆင်မပြေပါက Commentမှာ မှာကြားနိုင်ပါတယ်။