ပြီးခဲ့တဲ့နှစ်က ထွက်ရှိခဲ့ဖူးတဲ့ ဆဲလ်ဖီကင်မရာ အသားပေး Xperia C4 ဖုန်းကို ပြန်လည်ဆန်းသစ်ပြီးတော့ Sony ဟာ အလယ်အလတ်တန်းစား စမတ်ဖုန်းအနေနဲ့ ထပ်မံထုတ်လုပ်လိုက်ပါတယ်။ မျက်နှာပြင် Flash မီးပါဝင်ပြီး ဒေါ်လာ ၃၀၀ နဲ့ စတင်တဲ့ စမတ်ဖုန်းဟာ ယခုအခါ ဈေးလျှော့ပြီး ဒေါ်လာ ၁၅၀တန်အနေနဲ့ ထွက်ရှိလာခဲ့တာပါ။
Xperia C4 ရဲ့ထူးခြားချက်ကတော့ “PROSelfie” လို့ခေါ်တဲ့ ရှေ့ရောနောက်ရော 13-megapixel ရှိတဲ့ ကင်မရာတွေကို တပ်ဆင်ထားပါတယ်။ RAM အနေနဲ့ 2GB ပါဝင်ပြီး Internal Storage 16GB နဲ့ Memory ကတ်ထပ်စိုက်နိုင်ပါတယ်။ Xperia C4 ဟာ MediaTek 1.7 GHz MT6752 processor ကို တပ်ဆင်ထားပြီး 1080 x 1920 IPS မျက်နှာပြင်ဖြစ်ပါတယ်။ ဘက်ထရီပမာဏကတော့ 2600 mAh ဖြစ်ပြီး 4G LTE စနစ်ထိ ထောက်ပံ့နိုင်တယ်လို့ သိရပါတယ်။
တစ်ချက်သိထားရမှာကတော့ ဒီဖုန်းဟာ တခြား Sony ရဲ့ Xperia စီးရီးတွေလို Dust/Waterproof ခံနိုင်ရည်ရှိတဲ့ ဖုန်းမဟုတ်ပါဘူး။ ပိုပြီးစိတ်ညစ်ဖို့ကောင်းတာကတော့ Sony က Software Update ကို Marshmallow ထိရရှိနိုင်ကြောင်း ကတိပေးထားပေမယ့် အခုထိရရှိနိုင်သေးမှာမဟုတ်ပဲ Android 5.1 Lollipop ကိုသာပြန်လည် မြင်တွေ့ရဦးမှာပါ။
ဒါပေမယ့် တန်ဖိုးသင့်စမတ်ဖုန်းတစ်ခုနဲ့ တန်အောင်တော့ လုပ်ဆောင်ချက်တွေကောင်းမွန်တာကို တွေ့ရမှာပါ။
Ref: Phone Arena
No comments:
Post a Comment
အဆင်မပြေပါက Commentမှာ မှာကြားနိုင်ပါတယ်။