Solitaire နဲ့ Tic-Tac-Toe ဂိမ်းတွေကို
Google Search မှာတင် ကစားနိုင်ပြီ
ကွန်ပြူတာအသုံးပြုသူတိုင်း ဆော့ခဲ့ဖူးကြတဲ့ Solitaire နဲ့ Tic-Tac-Toe ဂိမ်းတွေကို ယခုအခါ Google search မှာတင် ကစားနိုင်ပြီဖြစ်ပါတယ်။
ကစားဖို့အတွက်လည်း ဘာမှခက်ခက်ခဲခဲမလိုပဲ၊ သင့်ဖုန်းထဲက Google app ကို ဖွင့် ‘Solitaire’ ဒါမှမဟုတ် ‘Tic-Tac-Toe’ လို့ search box မှာ ရိုက်ထည့်လိုက်ရုံနဲ့ Click to Play နှိပ်ပြီး search result မှာတင် တန်းကစားနိုင်မှာပါ။
Solitaire ဖဲဂိမ်းကို ခက်ခဲမှု Level ရွေးကာ ဆော့ကစားနိုင်ပြီး၊ Tic-Tac-Toe ဂိမ်းကို ကွန်ပြူတာနဲ့ ဆော့ရင်ဆော့ ဒါမှမဟုတ်ရင် ကိုယ့်ဘေးနားကလူတစ်ယောက်နဲ့လည်း ပြိုင်ဆော့နိုင်ပါတယ်။
Google ဟာ သူ့ရဲ့ ရှာဖွေရေးအင်ဂျင်ကို သုံးနေရင်းနဲ့ လူတွေ မပျင်းရအောင် ပျော်ဖို့ကောင်းတဲ့ feature အသစ်လေးတွေ အရင်တုန်းကလည်း ထည့်ထားပေးဖူးပါတယ်။
Google မှာ ဂိမ်းတွေအပြင် တိရစ္ဆာန်လေးတွေရဲ့ အော်သံကိုလည်း ‘What does a “ကိုယ်သိချင်တဲ့အကောင်” sound like” လို့ မေးပြီး search result မှာတင် တန်းနားထောင်နိုင်ပါတယ်။
Credit – Digital Time
Solitaireနဲ့Tic-Tac-Toeဂိမ်းတွေ Google Search မှာကစားနိုင်

No comments:
Post a Comment
အဆင်မပြေပါက Commentမှာ မှာကြားနိုင်ပါတယ်။