၂၀၁၇ခုနှစ်မှာ ထုတ်လုပ်မယ့် iPhone တွင်
Home Button ကိုဖယ်ရှားဖွယ်ရှိနေ
Apple ရဲ့ နောက်ထွက်မယ့် မျိုးဆက်သစ် iPhone ကို ထွက်ရှိဖို့ နီးကပ်လာချိန်မှာ ယခုတစ်ဖန် လာမယ့် ၂၀၁၇ခုနှစ်မှာ ထုတ်လုပ်မယ့် Apple ရဲ့ iPhone မျိုးဆက်သစ်မှာ iPhone ရဲ့ အမှတ်သင်္ကေတတစ်ခုဖြစ်တဲ့ Home Button ကို ဖယ်ရှားသွားဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
Apple အနေနဲ့ Home Button ကိုထည့်သွင်းထားတဲ့ ဖုန်းတွေကို ထုတ်လုပ်ခဲ့တာ ၁၀နှစ်ပြည့်တော့မယ့်နှစ်မှာ နောက်ထပ်နည်းပညာအသစ်တစ်ရပ်ဖြစ်တဲ့ OLED မျက်နှာပြင်နည်းပညာကို ပြုလုပ်တော့မှာ ဖြစ်တယ်လို့ သတင်းတွေကဆိုခဲ့ကြတာပါ။ ဒီနည်းပညာကြောင့် ဖုန်းရဲ့ ရှေ့မျက်နှာစာမှာ “တစ်ပြေးတည်းဖြစ်နေတဲ့မျက်နှာပြင်ဖန်သား” ကိုတွေ့မြင်ရဖွယ်ရှိနေခဲ့တယ်လို့ Wall Street ဂျာနယ်ကြီးက ပြီးခဲ့တဲ့ ဇွန်လတုန်းက ဖော်ပြခဲ့ပါတယ်။
ဒါဟာဆိုရင် Apple အတွက် ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခုကို ပြုလုပ်ဖို့အတွက်ပထမဆုံး သတင်းတော့မဟုတ်ပါဘူး။ Nikkei Asian ရဲ့ ဒီအပတ်အစောပိုင်းမှာ ဖော်ပြထားတဲ့ သတင်းအရ Apple ဟာ လာမယ့်နှစ်မှာ Samsung Galaxy S7 Edge နဲ့ မတူညီတဲ့ တတိယမြောက် Premium “မျက်နှာပြင်ကွေး” စမတ်ဖုန်းတစ်လုံး ထပ်မံထုတ်လုပ်ဖို့ရှိနေတယ်လို့ ဆိုထားခဲ့ပါတယ်။
အဲ့ဒီအပြင် နောက်ထပ်ထွက်လာမယ့် iPhone 7 အနေနဲ့ အပြောင်းအလဲ ပြုလုပ်ဖွယ်ရှိနေတာတွေကတော့ ဖုန်းမှာ နားကြပ်ပေါက်နဲ့ Lightning ပေါက်တွေ မပါဝင်တော့တာ၊ ကျောဘက်ကင်မရာ နှစ်လုံးတွဲဒီဇိုင်းနဲ့ ပါဝင်လာမှာ၊ Memory ကို မြှင့်တင်ပြီး RAM အနေနဲ့ 3GB ပါဝင်လာမှာတွေ ဖြစ်တယ်လို့ Bloomberg ကဖော်ပြထားပါတယ်။ အဲ့ဒီအပြင် ဖိအားသိ Home Button ကိုထည့်သွင်းလာမှာ ဖြစ်တယ်လို့ သိရပါတယ်
iPhone တွင် Home Button ကိုဖယ်ရှားဖွယ်ရှိနေ

No comments:
Post a Comment
အဆင်မပြေပါက Commentမှာ မှာကြားနိုင်ပါတယ်။