အွန်လိုင်းမှာ ပုံစံနှစ်မျိုးနဲ့ဖြန့်မယ့် မိစန္ဒီရဲ့ သီချင်းသစ်တစ်ပုဒ်

တတိယတစ်ကိုယ်တော် အခွေမပြီးသေးသောကြောင့် ပရိ သတ်များအတွက် သီချင်းသစ် တစ်ပုဒ်ကို အွန်လိုင်းမှ ပုံစံနှစ်မျိုး ဖြင့် ဖြန့်ချိပေးမည်ဟု မိစန္ဒီက ပြောသည်။

‘‘ဗားရှင်းနှစ်မျိုးနဲ့ ဖြန့်မှာပါ။ သီချင်းတစ်ပုဒ်တည်းကို တစ်ခုက Acoustic Version ချိုချိုအေး အေးလေး။ နောက်တစ်ခု Sum-mer House Version။  အခု နောက်ပိုင်းခေတ်စားနေတဲ့ ငြိမ့် ငြိမ့်လေး။ အဲဒီလိုနှစ်ခုထွက်မှာ။ ၂၉ ရက်နေ့ထွက်မှာက Acoustic Version ရဲ့ အော်ဒီယိုကို Myan-mar Music Store ကနေ ဝယ်နိုင် ပြီး အမ်တီဗီကို မိစန္ဒီရဲ့ ဖေ့စ် ဘွတ်ခ်နဲ့ ယူကျု့ဒ်မှာ တင်သွား ပေးမယ်’’ဟု ၎င်းက ပြောသည်။

Summer House Version ကိုလည်း Acoustic Version ထွက်ရှိပြီး ငါးရက်ခန့်အကြာတွင် ဖြန့်ချိပေးမည်ဖြစ်ကာ အဆိုပါ Version ၏ အမ်တီဗီကိုလည်း လူ မှုကွန်ရက်ဖေ့စ်ဘွတ်ခ်နှင့် ယူ ကျု့ဒ်တို့၌ တင်ပေးမည်ဟု ၎င်း က ဆိုသည်။

‘‘စစချင်းတုန်းက Summer House ပုံစံနဲ့သွားမလို့။ ဒါပေမဲ့ Acoustic Version နဲ့လည်းသွား ရင် ကောင်းမယ်ဆိုပြီး နှစ်မျိုး စလုံး တီးလိုက်တဲ့အချိန်မှာ နှစ် မျိုးစလုံးကလည်း ကောင်းနေ တယ်။ သူ့ပုံစံနဲ့သူ မိုက်လည်းမိုက် နေတော့ နှစ်မျိုးလုပ်ဖြစ်သွား တာ။ သီချင်းစာသားတွေ အကုန် တူပေမယ့် မိစန္ဒီဆိုထားတဲ့ Key လည်းမတူဘူး။ Music ပုံစံလည်း တော်တော်ကွာသွားတယ်။ ဆိုပုံ ဆိုပေါက်တွေလည်း ကွာတယ်’’ ဟု ၎င်းက ပြောသည်။

ဖြန့်ချိပေးမည့် သီချင်းသည် ၎င်း၏ တတိယတစ်ကိုယ်တော် အခွေမှ သီချင်းတစ်ပုဒ်ဖြစ်ကာ ‘ခေါင်းအုံးလေး’ဟု အမည်ပေး ထားပြီး ၎င်း၏ ကိုယ်ပိုင်ခံစားချက် ကို ကိုယ်တိုင်ရေးသားထားသည် ဟု မိစန္ဒီက ပြောသည်။

‘‘Acoustic ပုံစံအမ်တီဗီမှာ မိစန္ဒီကိုယ်တိုင် သရုပ်ဆောင်ထား တယ်။ မင်းသားနဲ့။ အဲဒီအထဲမှာ မိန်းမတော်တော်ဆန်တယ်။ Summer House ကတော့ အက တွေ၊ အဲဒီမှာကျတော့ မိစန္ဒီနည်း နည်းပဲပါတယ်။ အကတွေနဲ့လုပ် တားတာ’’ဟု ၎င်းက ပြောသည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် နယ်ဖျော်ဖြေ ပွဲများ သွားဖြစ်နေပြီး တတိယ တစ်ကိုယ်တော်အခွေကို    ယခု နှစ်ကုန်ပိုင်း (သို့မဟုတ်) ၂၀၁၇ နှစ်ဆန်းပိုင်းတွင် ထွက်ရှိနိုင်မည် ဟု ၎င်းက ဆိုသည။်

7day Daily


No comments:

Post a Comment

အဆင်မပြေပါက Commentမှာ မှာကြားနိုင်ပါတယ်။