အလွယ်ကူဆုံး မနက်စာ “ပုန်းရည်ကြီး ထမင်းသုပ်

ပုန်းရည်ကြီး ထမင်းသုပ်အတွက် လိုအပ်သောပစ္စည်းများ

•ပုန်းရည်ကြီး အထုပ်သေး ၂ ထုပ်
•ပုစွန်ခြောက်
•ကြက်သွန်နီ
•ကြက်သွန်ဖြူ
•ငရုတ်သီးစိမ်း
•ဆား
•အသားမှုန့်
•ကြက်ဥကြော်/ကြက်ဥချောင်းကြော်

ပြုလုပ်နည်းအဆင့်ဆင့်

လောလောလတ်လတ် ချက်ပြီးသား ထမင်းဆိုလျှင် အအေးခံထားပါ။ ထမင်းကြမ်းကိုလည်း အသုံးပြုနိုင်ပါတယ်။
ကြက်သွန်နီ ၂ လုံးကို အခွံခွာ ပါးပါးလှီးပြီး ရေစင်စင်ဆေးထားပါ။ ဆီချက်ချက်ရန်အတွက် ကြက်သွန်ဖြူကိုလည်း အခွံခွာပြီး ခပ်ပါးပါးလှီးပါ(သို့) ကြိတ်ပါ။ ငရုတ်သီးစိမ်းကိုလည်း ရေဆေးထားပါ။
ကြက်ဥ (သို့) ကြက်ဥချောင်းကို နှစ်သက်သလို ကြော်ပါ။ ပြီးလျှင် ဆီချက်ချက်ပါ။
အားလုံးပြင်ဆင်ပြီးတဲ့အခါ ပုန်းရည်ကြီးကို ဆီ၊ ဆား၊ အသားမှုန့် ကြက်သွန်နီတို့နဲ့ အရင်နယ်ပါ။ ပြီးမှ ထမင်းကို လိုသလောက်ထည့်ပြီး အပေါ့အငန်ပါ လိုအပ်သလို ဖြည့်နိုင်ပါတယ်။
အားလုံးပြီးတဲ့အခါ နံနံပင် ငရုတ်သီးစိမ်းလေး အုပ်ပြီး ကြက်ဥကြော် ၊ ကြက်ဥချောင်းကြော်တို့နဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။

Photo Credit: f2u


No comments:

Post a Comment

အဆင်မပြေပါက Commentမှာ မှာကြားနိုင်ပါတယ်။