ခေါင်းဆောင်တစ်ယောက်ရဲ့ စရိုက်နဲ့ လက္ခဏာက တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ ဒါပေမယ့် သူတို့အားလုံးမှာ အခြေခံအားဖြင့်တော့ဒီလို အချက်လေးတွေ ရှိတတ်ကြပါတယ်။
သင်ဟာလည်း ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် သင့်မှာ ရှိပြီးသား ဒီလိုအချက်လေးတွေကို အားကောင်းအောင် လေ့ကျင့်နိုင်သလို၊ မရှိသေးတဲ့အချက်တွေကိုလည်း မွေးမြူနိုင်ပါတယ်။
ခေါင်းဆောင်ဆိုတာ မွေးရာပါမဟုတ်ပါဘူး။ ခေါင်းဆောင်ဆိုတာ လေ့ကျင့်သင်ယူမှုပါ။
၁။ ယုံကြည်မှုရှိတယ်။
သင့်ရဲ့ ထက်သန်တဲ့ ယုံကြည်စိတ်ဟာသင်ဘယ်လိုလူမျိုးလဲဆိုတာ ပြသ ပါလိမ့်မယ်။ သင့်ကိုယ်သင် ယုံကြည်စိတ်ဟာလည်း သင့်ရဲ့ ဆုံးဖြတ်ချက်တိုင်း၊
အတွေးတိုင်း နောက်ဆုံး၊ သင့်ရဲ့ ကိုယ်ဟန်အမူအယာတွေအထိ သက်ရောက်မှုရှိနေပါလိမ့်မယ်။
၂။ တာဝန်တွေ ဘယ်လိုခွဲရမလဲသိတယ်။
အောင်မြင်တဲ့ ခေါင်းဆောင်တွေတိုင်းမှာ ထက်မြက်တဲ့ နောက် လိုက်ကောင်းတွေ ရှိပါတယ်။ ခေါင်းဆောင်ကောင်းတွေက တာဝန်တွေ၊ ရပိုင်ခွင့်တွေကိုတစ်ယောက်တည်း လက်ဝါးကြီးအုပ်မထားပါဘူး။
သူ့နောက်လိုက်တွေကို ခွဲဝေပေးရင်းနဲ့ သူ့နောက်လိုက်တွေရဲ့ အရည်အချင်း ကိုလည်းတိုးတက်လာစေပါတယ်။ ကမ္ဘာ့သမိုင်းမှာ လည်း ကြီးမြတ်တဲ့ စစ်ဘုရင်တိုင်းမှာ အားကိုးရတဲ့ လက်ရုံးစစ်သူကြီးတွေရှိတာကို တွေ့ရပါမယ်။
နောက်လိုက်ကောင်းမရှိဘဲ ခေါင်းဆောင်ကောင်းမဖြစ်ပါဘူး။ နောက်လိုက်ကောင်းရှိဖို့အတွက် သင့်တာဝန်တွေကို ဘယ်နေရာမှာ၊ ဘယ်လိုခွဲဝေရမလဲ ဆိုတာ သင် သဘောပေါက်ရပါမယ်။
၃။ ပြောဆိုဆက်ဆံရေး။
ပေါင်းသင်းဆက်ဆံရေး၊ ပြောဆိုဆက်ဆံရေးဟာ ဒီနေ့ခေတ် အောင်မြင်မှုရဲ့ အသက်ပါပဲ။ သင့်မှာ အရည်အချင်းကောင်းတွေရှိတယ်ဆိုရင်တောင်
အဆက်အသွယ်တွေ၊ အဲဒီ့အရည်အချင်းကို ထုတ်ဖော်ခွင့်မရတာတွေဆိုရင် အဆင်မပြေပါဘူး။
၎။ ပြသနာဖြေရှင်းပုံ။
သင်ဟာ ခေါင်းဆောင်တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် Problem solving skill ဟာ သင်မဖြစ်မနေကိုင်တွယ်နိုင်ရမယ့် အရာ ဖြစ်လာ ပါပြီ။ ခေါင်းဆောင်တွေ ဟာ သူ့ပြသနာတင်မကပါဘူး။ သူ့အသိုင်းအဝိုင်း၊ သူ့အဖွဲ့အစည်း၊ သူနဲ့ဆက်နွယ်နေတဲ့ အရာတိုင်းအတွက် သူ့မှာတာဝန်ရှိ ပါတယ်။
အရာတိုင်းကို နိုင်နင်းစွာ ကိုယ်တွယ်ဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ တစ်ကိုယ်ရည်ပြသနာတွေတောင် ကောင်းမွန်စွာ မကိုင်တွယ်နိုင်ဘူး ဆိုရင်တော့အဆင်မပြေနိုင်ပါဘူး။
၅။ စာနာနားလည်မှု။
စာနာနားလည်မှုအားနည်းရင် တစ်ကိုယ်ကောင်းဆန်တဲ့ဘက် ကို ရောက် သွားနိုင်ပါတယ်။ တစ်ကိုယ်ကောင်းဆန်တယ်ဆိုကတည်းက
သင်ဟာ ခေါင်းဆောင်ကောင်းတစ်ယောက် မဖြစ်နိုင်တော့ပါဘူး။ သင့်အဖွဲ့သားတွေရဲ့ အခြေအနေ၊ ခံစားမှု အရာတိုင်းအပေါ် စာနာနားလည်နိုင် မှုရှိသင့်ပါတယ်။
၆။ ပူးပေါင်းဆောင်ရွက်ခြင်း
ခေါင်းဆောင်ဆိုတာ အဖွဲ့သားတွေကို လက်ညှိုးညွန်ပြီး အမိန့်ပေးနေတဲ့သူ ကို ပြောတာမဟုတ်ပါဘူး။ ခေါင်းဆောင်ဆိုတာ သူ့ကိုယ်တိုင်ဦးစီး ဦးဆောင်ပြုပြီး ပါဝင်ဆောင်ရွက်တဲ့သူကို ခေါ်တာပါ။
၇။ အရည်အချင်း။
သင့်မှာ ထူးချွန်တဲ့ အရည်အသွေးတစ်ခုခုတော့ ရှိရပါမယ်။ ဒီအရည် အသွေးပေါ်မူတည်ပြီးမှ သက်ဆိုင်ရာနယ်ပယ်မှာသင် ဟာ ခေါင်းဆောင်နိုင် မှာလည်းဖြစ်ပါတယ်။
၈။ ဖြောင့်မတ်တည်ကြည်ခြင်း။
မရိုးသားတဲ့သူတစ်ယောက်ဟာ အဖွဲ့အစည်းတစ်ခုကို ရေရှည်ဦးမဆောင်နိုင် ပါဘူး။ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ဖို့အတွက်သင်ဟာ ဖြောင့် မတ် တည်ကြည်ရပါမယ်။ အနည်းဆုံး သင့်အဖွဲ့သားတွေအပေါ်မှာ ရိုးသားရ ပါမယ်။
၉။ တာဝန်ယူနိုင်မှု။
မိမိအဖွဲ့ရဲ့ ကောင်းတာကိုဖြစ်စေ၊ မကောင်းတာကိုဖြစ်စေ သင့်မှာ တာဝန်ယူ မှုအပြည့် ရှိရပါမယ်။ ခေါင်းဆောင်ဖြစ်ပါလျက်နဲ့ သင့်အဖွဲ့သားတွေကိုလက်ညှိုး ထိုးတတ်တဲ့အကျင့်ကို သင်မပြုသင့်ပါဘူး။
ခေါင်းဆောင်ဆိုတာ နေရာရာထူးရှိမှရယ်မဟုတ်ပါဘူး။ လူတွေကို ဦးဆောင်နိုင် တဲ့သူတိုင်းဟာ ခေါင်းဆောင်တွေပါပဲ။
ရွှေညာမောင်
Credit>>>Focus Youth E-magazine
ဘယ်အရာတွေကသင့်ကို ခေါင်းဆောင်ကောင်း ဖြစ်စေသလဲ

You might also like
တရုတ်တွေးခေါ်ပညာရှင်Laozi ရဲ့ မှတ်သားဖွယ်ရာစကား1- တကယ်လို့ သင်ဟာ
ညစောစော အိပ်တတ်သူတွေဟာ သွေးတိုးရောဂါခံစားရသူတွေ ဖြစ် ညစောစောအိပ်သူတွေ နှလုံးပြသနာအန္တရာယ် ပိုများနိုင်ကြောင်း လေ့လာမှုတစ်ခုက ဖော်ပြပါတယ်။ ညစောစော စ
ပျိုမေတို့ နံပါတ်တစ်ဖြစ်စေဖို့မိန်းကလေးတွေဟာ
ပိုမိုပျော်ရွှင်လာစေဖို့ဒီအချက် (၁၀) ချက်အတိုင်းလုပ်ဆောင်ရန်သင့်ရဲ့ နေ့စဉ်ဘ
ကောင်မလေးတွေကို အွန်လိုင်းမှာကြူမယ်ဆိုရင်သိထားသင့်တာလေးတွေအခုခေတ်ကတော့ ကေ
အပြာစာအုပ် (၁) - Apyar Book App (1) Software Guide MM လုံခြုံစိတ်ချစွာအပြာစာအုပ်ဖတ်ချင်သူများအတွက်ပါ ဒီအပြာစာအုပ်လေးနဲ့ဖတ်ရူ့နိုင်ပါတယ်။ ဖုန်းထဲ
ဦးနှောက်ရဲ့ ထူးခြားတဲ့ ၁၂ ချက်၁။ သင့်ဦးနှောက
ဘ၀မှာ ပျော်ပျော်နေတတ်ဖို့ ဘာကြောင့်အရေးကြီးတာလဲ သင့်မျက်နှာပေါ်&
No comments:
Post a Comment
အဆင်မပြေပါက Commentမှာ မှာကြားနိုင်ပါတယ်။