ဖုန်းများ အားကုန်အောင် သုံးခြင်းကြောင့် ဖြစ်တတ်သော
ပြသနာ အမျိုးမျိုး နှင့်ဖြေရှင်းခြင်း
ဖုန်း တစ်လုံးက အနည်း ဆုံး ၃.၇ ဗို့ ရှိမှ ပါဝါ တက်ပါမယ်။
၃.၇ ဗို့ ထက်နည်း ပါက ဖုန်းပေါ် မူတည်ပြီး ပြသနာ အမျိုးမျိုး ဖြစ်ပါတယ်။
၁။ လိုဂို ရပ်ခြင်း
၂။ လိုဂို ပဲတက်ပြီး ပြန်ကျခြင်း
၃။ အားသွင်းပုံ ပြ သော်လည်း အားမ၀င် ခြင်း
၎။ ကြိုးထိုး ထားမှ ပါဝါ ဖွင့် ရခြင်း
၅။ အားသွင်းပုံ မပြ ပဲ လုံးဝ ပါဝါ ပျောက် ခြင်း ဓာတ်ခဲ တွေက 3.7 ဗို့ မှ 4.2 ဗို့ ကြားထဲ ရှိရပါမယ်။ 3.7v ထက် လျော့ပါက အထက်ပါ error များကြုံ တွေ့ နိုင်ပါတယ် ။ ဘာကြောင့် 3.7ဗို့ အောက် လျော့ ကျ သလဲ ?? အကြောင်း အမျိုး မျိုး ရှိပါတယ် ။
အဓိက အဖြစ် များတာ က တရုတ် ဓာတ်ခဲ တွေ ကြောင့် ပါ ။ ဓာတ်ခဲ သုံးတာ ကြာ ရင် လဲ ဖြစ်တက်ပါတယ် ။ ဖုန်း ic တစ်လုံးလုံး မကောင်း တော့ ရင် လဲ လိုတာ ထက် ပို ပြီး အန်ပီယာ ဆွဲ တဲ့ အတွက် ဖြစ်ပါတယ် ။ ဘယ်လို ဖြေရှင်း မလဲ ??? ပုံ မှန် ဓာတ်ခဲ ထုတ် လို့ ရတဲ့ ဖုန်း တွေ က တော့ ဓာတ်ခဲ ထုတ်ပြီး ညှပ် ခွက် ( ဖားပါးစပ် ) နဲ့ အားသွင်း ကြည့်ပါ။ 3.0 မှ 3.6 ဗို့ အတွင်း လက်ကျန် ရှိပါက ပြန်သွင်းလို့ အဆင်ပြေ နိုင်ပါတယ် ။ဒါ ပေမယ့် အား ကုန်အောင် သုံး တိုင်း ပြန်ဖြစ်နေပါမယ် ။ 3.0V အောက် ရောက်ပါ က ဆိုင် မှာ ပဲ ပြုပြင် နိုင် ပါတော့ မယ်။ အကောင်း ဆုံးကတော့ ဓာတ်ခဲ လဲလိုက်ပါ။ အထူးသဖြင့် ဓာတ်ခဲ အသေ ဖုန်း တွေမှာ အတက်နိုင် ဆုံးသတိထား သုံးကြပါ။ ဥပမာ iphone ၊ Tablet စတာ တွေ ဖြစ်ပါတယ် ။ အဲ့ ဓာတ်ခဲ အသေ ဖြစ်တဲ့ အတွက် ကိုယ် တိုင် လုပ် ဖို့ ခက်ခဲတဲ့ အတွက် ဆိုင် သွားရပါမယ် ။
စက်ဖြုတ်ရတဲ့ အတွက် ၂၀၀၀ ၊ ၃၀၀၀ လောက် တော့ ပေးရမှာ ပါ ။ iphone တွေ ကို တော့ Ipad အားသွင်း ခေါင်း နှင့် ကြိုး ကို အသုံး ပြုပြီး ပြန်လည် သွင်း နိုင် ပါတယ် ။ ကဲ သူငယ် ချင်း တို့ လဲ ဖုန်း ကို Battery Low ပေါ် ရင် ဖုန်းပြော ခြင်း ၊ သီချင်း နားထောင် ခြင်း ၊ Game ဆော့ ခြင်း များ မပြု လုပ် ခြင်း ဖြင့် ရှောင်ရှား နိုင်ပါတယ် ။
အကောင်း ဆုံး က ဖုန်း 5% ရောက်ပြီ ဆိုရင် ပိတ်ထား လိုက်ပါ ။ သူငယ်ချင်း တို့ ရဲ့ မိတ် ဆွေ၊သူငယ်ချင်း တွေ သိအောင် ရှယ် ပေး လိုက်ပါ ဦး..။
Credit – classickyawsan
အားကုန်အောင်သုံးခြင်းကြောင့် ဖြစ် တတ်သော ပြသနာ

You might also like
မြန်မာနိုင်ငံတွင် မိုဘိုင်း 3G အင်တာနက်မြန်နှုန်း ပျမ်းမျှ 4Mbps သာရှိဟု ထုတ်ပြန် မိုဘိုင်း 3G ကွန်ရက်တစ်ခုရဲ့ အင်တာနက်အမြန်နှုန်းဟာ အမြင့်ဆုံး 42Mbps အထိ ရရှိနိုင်ပေမယ့် ပြည်တ
ဖုန်းအသုံးပြုရာမှာ မြန်ဆန်အောင် ထိန်းသိမ်းနည်း ၁၀ နည်းသင့်ရဲ့ Android Device ကိုအသ
" Samsung galaxy J7 2016 စမတ်ဖုန်းဖြင့် ဂိမ်းဆော့နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ " ပါကစ္စတန်ရှိ လေးနှစ်အရွယ် ကလေးငယ်တစ်ဦး Samsung galaxy J7 (2016) စမတ်ဖုန်းဖြင့် ဂိမ်းဆော့ေ
ရှေ့နောက် 13MPကင်မရာတွေနဲ့ ဒေါ်လာ ၁၅၀ခန့်သာရှိမယ့် Sony Xperia C4 ထွက်ပေါ်လာ ပြီးခဲ့တဲ့နှစ်က ထွက်ရှိခဲ့ဖူးတဲ့ ဆဲလ်ဖီကင်မရာ အသားပေး Xperia C4 ဖုန်းကို ပြန်လည်ဆန်းသစ်ပြ
Unfortunately Gallery has stopped ဖြေရှင်းနည်းUnfortunately Gallery has stopped ဆိုတဲ့ ပြဿ&
အမိုက်စားဖုန်းတို့ ဆုံစည်းရာ ၂၀၁၇ ခုနှစ် မကြာသေးခင်ကပဲ OnePlus 5T ဖုန်းတွေကို မိတ်ဆက်လိုက်ပြီးနောက်မှာတော့ ဖုန်းရဲ့ hardware ပိုင်းရော s
အူရီဒူးမြန်မာအရောင်းဆိုင်အား လူသိများထင်ရှားသည့် မြန်မာပလာဇာတွင်ဖွင့်လှစ် မန်မာပလာဇာတွင်ဖွင့်လှစ်ထားသော အူရီဒူးမြန်မာအရောင်းဆိုင်သို့ လာရောက်ကာ နံပါတ်အလှလက်ဆောင်များနှင့်
Messenger Update မှာ Instant Video Feature ပါဝင်လာ Facebook ရဲ့  Messenger နောက်ဆုံးထွက် Update မှာ Facebook ပေါ် Live Video တင်သလို စကားပြောနေရင်
No comments:
Post a Comment
အဆင်မပြေပါက Commentမှာ မှာကြားနိုင်ပါတယ်။