Poweramp မှာ အသံညှိပေးတဲ့ equalizer တစ်ခု နဲ့  ဂရပ်နဲ့ ပြတဲ့ 10- band ရှိတဲ့ tone setting တစ်ခု ပါဝင်ပါတယ်။ tone အပြောင်းအလဲကို ထိန်းချုပ်ပေးမှုနဲ့  ဘေ့စ်သံနဲ့ အမြင့်ဆုံးဘယ်သံထွက်စေတဲ့ Treble ကို သီးခြားစီ ခွဲခြားပေးထားပါတယ်။ အီလက်ထရောနစ် ဂီတတွဲလုံး ၁၆ တွဲနဲ့ စတင်ပြီး သုံးစွဲသူကိုယ်တိုင် စိတ်ကြိုက် electronic music တွေဖန်တီလို့ ရအောင် လုပ်ပေးထားပါတယ်။ အဲဒီမှာဆိုရင် ကိုယ်ပိုင် themes တွေရှိပြီး Playstore ပေါ်ကနေပြီးတော့လည်း themes တွေ အများကြီးကို ရယူနိုင်ပါတယ်။ ဒ့ါ့အပြင် MusiXmatch Plugin ဒါမှမဟုတ် auto feature တစ်ခုကို သုံးပြီး activate လုပ်လို့ ရနိုင်တဲ့ သီချင်းစာသား Lyrics plugin လည်း ပါရှိလာပါတယ်။
Poweramp မှာဆိုရင် Lockscreen ရွေးတာတို့ ၊ အယ်လ်ဘမ်တို့ ၊ ဖွင့်တာနဲ့ ပေါ်လာမယ့် မျက်နှာပြင်ကို ရွေးခြယ်ပေးခြင်းတို့ (Startup Screen Selection ) ၊ Themes တို့  Music folder ရွေးချယ်ချက်တို့ ၊ Headset နဲ့  သီချင်းတစ်ပုဒ်ကို နားထောင်တာနဲ့ အဲဒီသီချင်းကို ဝက်ဘ်ဆိုဒ်မှာ ပို့ ပေးပြီး ကိုယ့်ရဲ့ music profile မှာ သွားထည့်ထားပေးနိုင်တာမျိုး စသည်ဖြင့် စိတ်ကြိုက်ရွေးချယ်နိုင်စရာတွေ အများကြီးပါလာပါတယ်။ ဒါ့အပြင် အသံပိုင်းဆိုင်ရာ Buffer size ဖြည့်ပေးတာမျိုး ၊ အသံပိုင်း focus ပေးတာမျိုး နဲ့  မျက်နှာပြင် အတိမ်းအစောင်းပြုပေးနိုင်တဲ့ Feel tweaks လို မျိုး ၊ Status Bar ရွေးလို့ ရတာမျိုး စသည်ဖြင့် Advanced tweaks တွေလည်း ထပ်ထည့်အားဖြည့်ထားပါတယ်။ တေးဂီတကို အရူးအမူးဖြစ်သူ တစ်ယောက်အတွက်တော့ Poweramp Music player က ဝယ်ရတာ တန်ပါတယ်။
Power AMP Music Player ကိုတော့အောက်က link မှာရယူနိုင်ပါတယ်
No comments:
Post a Comment
အဆင်မပြေပါက Commentမှာ မှာကြားနိုင်ပါတယ်။