ပုဇွန်စားသုံးခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်စေပါသလား…

ပုဇွန်စားသုံးခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်စေပါသလား…?

ပုဇွန်မှာပါဝင်တဲ့ အာဟာရဓါတ်တွေဟာ ကျန်းမာရေးအတွက် အရေးပါတဲ့ အာဟာရဓါတ်တွေ ဖြစ်တာကြောင့် ပုဇွန်စားသုံးခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ ပုဇွန်မှာ ရောဂါဝေဒနာများကိုလည်း သက်သာစေနိုင်တဲ့ အကျိုးအာနိသင်များစွာ ပါဝင်ပါတယ်။

ပုဇွန်ဟာ ကျောက်ကပ်ကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။ တရုတ်ဆေးပညာသုတေသီတွေက အမျိုးသားတွေ ဟော်မုန်းဓါတ်နည်းတဲ့အခါမှာ ပုဇွန်စားသုံးပေးမယ်ဆိုရင် ဟော်မုန်းဓါတ်အား မြန်မြန်တိုးတက်လာစေတယ်လို့ ဆိုထားပါတယ်။ ရာသီဥတုအေးတဲ့အခါမှာ ပုဇွန်စားသုံးပေးမယ်ဆိုရင် သွေးနွေးစေပြီး ခန္ဓာကိုယ် သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။ ပုဇွန်မှာ ပရိုတင်းဓါတ်များစွာ ပါဝင်မှုဟာ ကိုလက်စထရောကို မြင့်တက်စေပါတယ်။ ဆိုဒီယမ် ပမာဏဟာ နှလုံးရောဂါ ဖြစ်ပွားမှုကို တားဆီးပေးပါတယ်။ ပုဇွန်မှာ (Selenium) ပါဝင်မှုဟာ ကင်ဆာဆဲလ်တွေကို ထိန်းချုပ်ပေးပါတယ်။ (Omega-3 fatty acid ) ဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့နည်းစေပြီး အဆုတ်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ကယ်လ်စီယမ်များစွာ ပါဝင်မှုဟာ သွားနဲ့ အရိုးအဆစ်တွေကို သန်မာစေပါတယ်။ ပုဇွန်ဟာ အခြားအသားတွေထက် ကယ်လိုရီပါဝင်မှု နည်းတာကြောင့် ခန္ဓာကိုယ် အလေးချိန်လျော့နည်းစေပါတယ်။ ဦးနှောက်သတိမေ့ရောဂါကိုလည်း သက်သာစေပါတယ်။

ပုဇွန်မှာ ကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေရှိတဲ့အပြင် အခြားရောဂါတွေကိုပါ သက်သာစေတာကြောင့် ကျန်းမာရေးကို ကောင်းမွန်စေတဲ့ အစားအစာတစ်မျိုးဖြစ်ပြီး ကြော်ချက်ခြင်း၊ ကင်စားခြင်းနဲ့ အစိမ်းသုတ်စားခြင်း ပုံစံအမျိုးမျိုး ပြုလုပ်စားသုံးနိုင်ပါတယ်။

Ref: Health Benefit of eating Prawns

No comments:

Post a Comment

အဆင်မပြေပါက Commentမှာ မှာကြားနိုင်ပါတယ်။